Random Video

69 နှစ်မြောက် ချင်းအမျိုးသားနေ့ ရန်ကုန်

2017-06-16 5 Dailymotion

၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းရှိ ဖရင့်ခန်းမတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ချင်းရိုးရာအကများနှင့် ကပြဖျော်ဖြေခဲ့သလို တေးသီချင်းများနှင့်လည်း သီဆိုဖျော်ဖြေခဲ့သည်။ ထို့အပြင် အားကစားထူးချွန်သူများနှင့် တက္ကသိုလ်ဝင်တန်းမှာ ၃ ဘာသာနှင့်အထက် အောင်မြင်ခဲ့သည့် ချင်းတိုင်းရင်းသားလူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။ အခမ်းနားကို ရန်ကုန်မြို့ရောက် ချင်းလူမျိုးများနှင့် ကျင်းပခဲ့ပြီး ချင်းလူမျိုးအများအပြား တက်ရောက်ခဲ့ကြသည်။

“ချင်းအမျိုးသားနေ့ရဲ့ အနှစ်သာရကတော့ ပဒေသရာဇ်စနစ်ကနေ လွတ်မြောက်ပြီးတော့ လူတန်းစားအသီးသီးက အုပ်ချုပ်တဲ့ စနစ်ရဲ့နောက်ပိုင်းမှာ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီစနစ်ကို အထောက်ကူပြုဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အောင်မြင်ဖို့ ချင်းလူထုကကူညီပေးဖို့ဖြစ်တယ်” ဟု ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပရေး ကော်မတီဥက္ကဌ ဆလိုင်းထွန်းလှိုင် ကပြောသည်။

ရန်ကုန်မြို့တွင် ချင်းလူမျိုး ငါးသောင်းဝန်းကျင်ခန့်ရှိပြီး ဒီကနေ့အခမ်းအနားကို ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ချင်းအမျိုးသားနေ့အခမ်းနားကို ချင်းပြည်နယ်တွင်လည်း ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်ဟု သိရသည်။