Random Video

၂၀၁၆ ခုနှစ်အတွင်း ၀ရုန်းသုန်းကားဖြစ်ခဲ့တဲ့ ဆောက်လုပ်ရေးလောက

2017-06-16 5 Dailymotion

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဆောက်လုပ်ရေး လောကထဲမှာ ထူးထူးခြားခြား ဖြစ်ပျက်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ NLD အစိုးရတက်လာပြီး လပိုင်းအနည်းငယ်ထဲမှာ ရန်ကုန်က တည်ဆောက်နေဆဲ အထပ်မြင့်အဆောက်အဦး ၁၂ လုံးအပါအ၀င် အရင်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ခွင့်ကျပြီးသား အဆောက်အဦး ၂၀၀ လောက်ကို ပြန်ပြီး စီစစ်မယ်ဆိုပြီး ရပ်နားခဲ့ပါတယ်။ အဲဒိဂရက်ကြောင့် ဆောက်လုပ်ရေးလောကထဲမှာ ပြောစမှတ်ဖြစ်ခဲ့ပြီး လုပ်ငန်းရှင်တွေအားလုံးအနေနဲ့ စိုးရွံ့ ထိတ်လန့်မှုတွေဖြစ်ခဲ့ပါတယ်။
အချိန် ၆ လကျော်လောက်ရပ်ဆိုင်းထားခံခဲ့ရတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွင်း ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး တစ်နွယ်ငယ် တစ်စဉ်ပါဆိုသလို ဆောက်လုပ်ရေးလုပ်သားတွေ အခိုက်အတန့် အကြပ်အတည်းဖြစ်ခဲ့ပြီး ကုမ္ပဏီတွေက ပြည်တော်ပြန် ၀န်ထမ်းတစ်ချို့ပါ နေရပ်စွန့်ခွာရမလိုတွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်ချက်က ဘဏ်တွေကနေ ချေးငွေယူပြီး လုပ်ငန်းလည်ပတ်နေရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ အလုပ်ရပ်နားထားရတဲ့ အချိန်တွေမှာ ဘဏ်တိုးနှုန်းတွေက ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။
(သတင်းအပြည့်အစုံ-ရုပ်သံသို့သွားပါ)