Random Video

Is online shopping reliable

2017-06-17 1 Dailymotion

မင်္ဂလာပါ YOPE သူငယ်ချင်းတို့ရေ...

ဒီနေ့ ခေတ်မှာ online မှာ ဈေးဝယ်ဆိုတာ လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာပါတယ်.ဒါပေမယ့် online ဆိုတဲ့အတိုင်း တစ်ခါတစ်လေ ကိုယ်မှာလိုက်တဲ့ ပစ္စည်းက လာပို့တဲ့ ပစ္စည်းနဲ့ မတူလို့ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်.. ဒီတော့ online shopping ကို ဘယ်လောက်ထိ အားကိုးယုံကြည်ရမလဲ.ဆိုတာ မသိနိုင်ပါဘူး.. ဒါကြောင့် ကျွန်မ သူငယ်ချင်းတွေကို သူတို့ရဲ့ online shopping နဲ့ပတ်သတ်ပြီး ကြုံခဲ့ရတာလေးတွေကို လိုက်လံမေးမြန်းထားပါတယ်.. သူငယ်ချင်းတို့ကော
online shopping က ယုံကြည်စိတ်ချရရဲ့လား ဆိုတာနဲ့ ပတ်သတ်ပြီး ကိုယ့်အတွေ့အကြုံလေးတွေ အမြင်တွေကို တခြားသူငယ်ချင်းတွေပါ သိရအောင် ဝေမျှပေးခဲ့ပါဦးနော်..

Brave Voice program ရဲ့ရည်ရွယ်ချက်ကတော့ လူငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ လက်တလော ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို မေးခွန်းလေးတွေထုတ်ပြီး လူငယ်တွေကို လိုက်လံမေးမြန်းပေးတဲ့ အစီအစဉ်ဘဲဖြစ်ပါတယ်. ဒီတော့ လူငယ်တွေရဲ့တကယ့် ရင်ထဲက အသံတွေကို online ပေါ်ကတဆင့် လူငယ်အားလုံးရဲ့ကိုယ်စား ရဲရဲဝံ့ဝံ့ တင်ပြပေးနိုင်ခြင်းဖြစ်ပါတယ်..