Random Video

ရန်ကုန်မြို့တော် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တင်ဒါအဆိုပြုလွှာရက်ကို နောက်ထပ်တစ်လတိုးမြှင့်ထား

2017-06-20 1 Dailymotion

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တင်ဒါယှဉ်ပြိုင်မယ့်ကုမ္ပဏီတွေကို အဆိုပြုလွှာ တင်သွင်းရမယ့် နောက်ဆုံးရက်ကို ၂၀၁၅ခုနှစ်၊ နှစ်ဆန်းပိုင်းအထိ ရက်တိုးမြှင့်ထားတယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီတင်ဒါအဆိုပြုလွှာအတွက် အရင်က အခုနှစ်ဒီဇင်ဘာလ (၆)ရက်နေ့ကို နောက်ဆုံးထားတင်ပြနိုင်ဖို့ သတ်မှတ်ထားပေမဲ့ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီ (၆)ရက်အထိတိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပါအ၀င် ဥရောပနဲ့ အာရှဒေသနိုင်ငံပေါင်း (၁၂)နိုင်ငံက အဆိုပြုလွှာ (၃၄)ခုအနက်က ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိမယ့် ဆန်ခါတင်ကုမ္ပဏီတွေကို ရွေးချယ်ပြီး တင်ဒါအဆိုပြုလွှာ ပြန်လည်တင်သွင်းဖို့ ခေါ်ယူထားတာဖြစ်ပါတယ်။