Random Video

၆၆(ဃ) ကို ပြည်သူ့လွှတ်တော်ကပယ်ဖျက်ဖို့ အရပ်ဖက်အဖွဲ့တွေ ဆက်ကြိုးစားမယ်

2017-10-07 1 Dailymotion

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ပယ်ဖျက်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးလာဖို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ပေးဖို့ ပြင်ဆင်ဖို့ ဆုံးဖြတ်ကြတဲ့အခါမှာ ပြင်ဆင်ဖို့ကို ထောက်ခံတဲ့ မဲအရေအတွက်က ပိုများတဲ့အတွက် ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ခြင်း မပြုဘဲ အတည်ပြုခဲ့ပါတယ်။

အခုဆိုရင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ပြီး တရားရုံးတင်တရားစွဲ အရေးယူခံထားတဲ့ အမှုပေါင်းဟာ သြဂုတ်လ ၁ ရက်နေ့အထိ ကောက်ခံရရှိတဲ့ စာရင်းတွေ အရ စုစုပေါင်း ၈၁ မှု ရှိသွားပြီလို့ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ နောက်ဆုံးစာရင်းတွေ အရ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ