Random Video

ခေါ်ယူတဲ့ နေရာအရောက် အအေးဘူးတွေ လိုက်ပို့နိုင်တဲ့ စက်ရုပ်ရေခဲသေတ္တာ

2017-10-07 6 Dailymotion

Panasonicဟာ အအေးဘူးတွေ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ စက်ရုပ် ရေခဲသေတ္တာ တစ်မျိုးကို တီထွင်နေတယ်လို့ သိရပါတယ်။

လောလောဆယ်တော့ ဒီရေခဲသေတ္တာဟာ စမ်းသပ် တည်ဆောက်ဆဲ Prototype အဆင့်မှာသာ ရှိပါသေးတယ်။ Panasonicရဲ့ Better Living ပရောဂျက် အကြီးအကဲ တိုဘီယက်စ် ဝေါ့ဘီက ဟိုင်ကူလို့ နာမည်ပေးထားတဲ့ စက်ရုပ် ရေခဲသေတ္တာလေးဟာ အသံနဲ့ ထိန်းချုပ် ခိုင်းစေမှုတွေကို တုံ့ပြန်နိုင်စွမ်းရှိကြောင်း ပြောပါတယ်။

ဟိုင်ကူကို စားပွဲနားလာဖို့ နှုတ်ကနေ အမိန့်ပေး ခိုင်းစေလိုက်ရုံနဲ့ စက်ရုပ်ရေခဲသေတ္တာက ခေါ်ယူတဲ့ နေရာဆီ ရွေ့လျားလာမှာဖြစ်ကြောင်း၊ အခန်းရဲ့ သွင်ပြင်လက္ခဏာနဲ့ မြေပုံအမှတ်အသားတွေကို ရေခဲသေတ္တာရဲ့ အာရုံခံစနစ်နဲ့ ကွန်ပျူတာတွေက ကောင်းကောင်း မှတ်သားထားနိုင်ကြောင်းလည်း သိရပါတယ်။

Panasonicက ဒီရေခဲသေတ္တာကို အထိုင်အထ နှေးကွေးလေးလံတဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေအတွက် အဓိက ရည်ရွယ်ဖန်တီးနေပြီး ခြောက်နှစ်လောက်အတွင်းမှာ ဈေးကွက်ထဲ ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။