Random Video

အပစ်ရပ် လားဟူ အဖွဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ (ရုပ်/သံ)ဧရာဝတီ ၊ မတ် ၁၉ ၊ ၂၀၁၈ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) က ၎င်းတို့အနေဖြင့် အစိုးရနှင့် တနို

2018-03-20 11 Dailymotion

အပစ်ရပ် လားဟူ အဖွဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ (ရုပ်/သံ)

ဧရာဝတီ ၊ မတ် ၁၉ ၊ ၂၀၁၈

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) က ၎င်းတို့အနေဖြင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ရသော အကြောင်းအရင်းနှင့် ပတ်သက်ပြီး လားဟူ နိုင်ငံရေးနယ်ပယ်မှ အဖွဲ့ အစည်းများကို ဖိတ်ခေါ်၍ ရှင်းလင်းပွဲ တရပ်ကို ယခုလ ၁၆ ရက်နေ့ကစတင်ပြီး ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေး ခေတ္တနားချိန်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးထိုးပြီးနောက် ကြုံတွေ့နေရသော အခြေအနေများ၊ ရှေ့ဆက်ရန် ပြင်ဆင်ထားသည့် အခြေအနေများနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို LDU ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကြာဆော်လမွန် က ဖြေကြားချက်ဖြစ်သည်။

ရိုက်ကူး - ကျော်ခ၊ ဧရာဝတီ