အင္းလ်ားကန္ေဘာင္ကဆိုင္ေတြကန္ေရျပင္က ေန ေပသုံးဆယ္အကြာကိုေနာက္ဆုတ္ရမယ္
ေမ - ၈ ၊၂၀၁၈
အင္လ်ားကန္ေဘာင္မွာရိွတဲ့ ဆိုင္ခန္းေတြကို ကန္ေရျပင္ကေန ေပ သုံးဆယ္အကြာကိုေျပာင္းေရႊ႕ဖြင့္လွစ္ သြာေစဖို႕အစီအစဥ္ရိွတယ္လို႕ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ပန္းဥယ်ာဥ္နဲ႕ အားကစားကြင္းမ်ားဌာနကေန သိရပါတယ္။
အင္းလ်ားကန္ေရျပင္ သန္႔ရွင္းၾကည္လင္ဖို႔အတြက္အဲဒီလို ေရႊ႕ေျပာင္းဖို႕ အစီအစဥ္ရိွတာလို႕ ပန္းဥယ်ာဥ္နဲ႔ အားကစားကြင္း မ်ားဌာနက ဌာနမွဴးဦးကိုကိုလင္းကေျပာပါတယ္။
အင္းလ်ားကန္ေရျပင္ကေန ေပ ၃၀ အကြာ ေရႊ႕ေျပာင္းဖုိ႔နဲ႔ ပတ္သက္ၿပီး မိမိတုိ႔အေနနဲ႔ မသိရွိရေသးေၾကာင္း ဆုိင္ရွင္ေတြက ေျပာပါတယ္။
လက္ရွိမွာ ေတာ့ ျပည္လမ္းမွာရွိတဲ့ အင္းလ်ားကန္ေဘာင္မွာ ဆုိင္ခန္းေပါင္း ၁၄ ဆုိင္ရွိၿပီး ဆုိင္ ရွစ္ဆုိင္ကေတာ့ မလြတ္ကင္းတဲ့အတြက္ ေပသုံးဆယ္အကြာကိုေျပာင္း ေရႊ႕ဖြင့္ရမယ့္အထဲမွာပါတယ္လုိ႔ ပန္းဥယ်ာဥ္နဲ႔ အားကစားကြင္းမ်ားဌာနက ဌာနမွဴးဦးကိုကိုလင္းဆီက သိရပါတယ္။
ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး
Unicode
အင်းလျားကန်ဘောင်ကဆိုင်တွေကန်ရေပြင်က နေ ပေသုံးဆယ်အကွာကိုနောက်ဆုတ်ရမယ်
မေ - ၈ ၊၂၀၁၈
အင်လျားကန်ဘောင်မှာရှိတဲ့ ဆိုင်ခန်းတွေကို ကန်ရေပြင်ကနေ ပေ သုံးဆယ်အကွာကိုပြောင်းရွှေ့ဖွင့်လှစ် သွာစေဖို့အစီအစဉ်ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနကနေ သိရပါတယ်။
အင်းလျားကန်ရေပြင် သန့်ရှင်းကြည်လင်ဖို့အတွက်အဲဒီလို ရွှေ့ပြောင်းဖို့ အစီအစဉ်ရှိတာလို့ ပန်းဥယျာဉ်နဲ့ အားကစားကွင်း များဌာနက ဌာနမှူးဦးကိုကိုလင်းကပြောပါတယ်။
အင်းလျားကန်ရေပြင်ကနေ ပေ ၃၀ အကွာ ရွှေ့ပြောင်းဖို့နဲ့ ပတ်သက်ပြီး မိမိတို့အနေနဲ့ မသိရှိရသေးကြောင်း ဆိုင်ရှင်တွေက ပြောပါတယ်။
လက်ရှိမှာ တော့ ပြည်လမ်းမှာရှိတဲ့ အင်းလျားကန်ဘောင်မှာ ဆိုင်ခန်းပေါင်း ၁၄ ဆိုင်ရှိပြီး ဆိုင် ရှစ်ဆိုင်ကတော့ မလွတ်ကင်းတဲ့အတွက် ပေသုံးဆယ်အကွာကိုပြောင်း ရွှေ့ဖွင့်ရမယ့်အထဲမှာပါတယ်လို့ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနက ဌာနမှူးဦးကိုကိုလင်းဆီက သိရပါတယ်။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး