Random Video


2018-06-20 495 Dailymotion


ဇွန် - ၁၉၊၂၀၁၈







Unicode

ချစ်သူရွေးတဲ့အခါ စိတ်ထားကောင်းရင် နိုင်ငံသားမရွေးဘူးလို့ပြောတဲ့ Maeya Sun Sun

ဇွန် - ၁၉၊၂၀၁၈

ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ Miss Maeya Sun Sun ဟာ မြန်မာသီချင်း MTV တစ်ပုဒ် ရိုက်ဖို့အတွက် မြန်မာပြည်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ညက ရောက်ရှိလာတာဖြစ်ပြီး တေးသံရှင်ဟန်ထူးဈာန်ရဲ့ Celebrity သီချင်းမှာ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။

Maeya Sun Sun ကို ဘယ်လိုလက်တွဲဖော်ကိုရွေးချယ်ချင်လဲလို့ မေးလာတဲ့အခါမှာတော့ ဘယ်နိုင်ငံက ပဲဖြစ်ဖြစ် စိတ်ထားကောင်းရင် ချစ်သူရွေးချင်တယ်လို့ ဆိုလာပါတယ်။

Maeya ဟာ ထိုင်းနိုင်ငံရဲ့လူမှုကွန်ရက်မှာ ဟာသဗီဒီယိုဖိုင်တွေနဲ့ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး Follower ၇ သိန်းကျော် ရှိသူပါ။

ဒါ့အပြင် မော်လ်ဒယ်တစ်ယောက်၊ အလှမယ်တစ်ဦးဖြစ်ပြီး ဆုတွေလည်းအများကြီးရရှိထားသူပါ။
Maeya ဟာ မြန်မာပြည်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်ပြီး သုံးရက်ခန့်နေမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်- အေးမြတ်