ႏွစ္ရက္ၾကာ လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္တဲ့ ေတာင္သူေတြ မဟာဗႏၶဳလပန္းၿခံမွာ အဆံုးသတ္
ဇူလိုင္-၁၊ ၂၀၁၈
လယ္ယာေျမေတြအသိမ္းခံရတဲ့အတြက္ ေကာ့မွဴးၿမိဳ႕နယ္ ထမ္းမႏိုင္ေက်းရြာကေန ႏွစ္ရက္ၾကာ လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္ခဲ့ၾကတဲ့ ေတာင္သူ တရာခန္႔ဟာ ဒီကေန႔ ေန႔လယ္ မွာေတာ့ သူတို႔ဲ႕ လမ္းေလွ်ာက္ခရီးစဥ္ကို အဆံုးသတ္လိုက္ပါတယ္ ။
ဇြန္လ ၃၀ ရက္ေန႔ မနက္ပိုင္းက စတင္လမ္းေလွ်ာက္ခဲ့ၾကတဲ့ ေတာင္သူေတြဟာ ေကာ့မွဴး၊ တံြေတး၊ ဒလၿမိဳ႕နယ္ေတြကို ျဖတ္သန္းၿပီး ဒီကေန႔ ဇူလိုင္လ ၁ ရက္ေန႔ မနက္မွာ ဒလတဖက္ကမ္းကေန ရန္ကုန္ၿမိဳ႕ကို သေဘၤာနဲ႔ကူးၿပီး မဟာဗႏၶဳလ ပန္းၿခံအထိ ဆက္လက္ လမ္းေလွ်ာက္ခဲ့ၾကတာ ျဖစ္ပါတယ္။
ပန္းၿခံေရွွ႕အေရာက္မွာ တားဆီးမႈ တခ်ဳိ႕ ရွိခဲ့ေပမယ့္ ရန္ကုန္ၿမိဳ႕လယ္အတြင္းမွာ တနာရီခန္႔ ပန္းျခံအတြင္း လမ္းေလွ်ာက္ေဟာေျပာပြဲ လုပ္ဖုိ႔ ေနာက္ဆံုးခြင့္ျပဳခ်က္ ရရွိခဲ့တဲ့ အေျခအေန ေတြ႔ရပါတယ္။
ရုပ္သံ သတင္းေထာက္- အလွေလး သူဇာ
(Unicode)
နှစ်ရက်ကြာ လမ်းလျှောက်ဆန္ဒဖော်ထုတ်တဲ့ တောင်သူတွေ မဟာဗန္ဓုလပန်းခြံမှာ အဆုံးသတ်
ဇူလိုင်-၁၊ ၂၀၁၈
လယ်ယာမြေတွေအသိမ်းခံရတဲ့အတွက် ကော့မှူးမြို့နယ် ထမ်းမနိုင်ကျေးရွာကနေ နှစ်ရက်ကြာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ တောင်သူ တရာခန့်ဟာ ဒီကနေ့ နေ့လယ် မှာတော့ သူတို့ဲ့ လမ်းလျှောက်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ် ။
ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက စတင်လမ်းလျှောက်ခဲ့ကြတဲ့ တောင်သူတွေဟာ ကော့မှူး၊ တွံတေး၊ ဒလမြို့နယ်တွေကို ဖြတ်သန်းပြီး ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့ မနက်မှာ ဒလတဖက်ကမ်းကနေ ရန်ကုန်မြို့ကို သင်္ဘောနဲ့ကူးပြီး မဟာဗန္ဓုလ ပန်းခြံအထိ ဆက်လက် လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပန်းခြံရှေ့အရောက်မှာ တားဆီးမှု တချို့ ရှိခဲ့ပေမယ့် ရန်ကုန်မြို့လယ်အတွင်းမှာ တနာရီခန့် ပန်းခြံအတွင်း လမ်းလျှောက်ဟောပြောပွဲ လုပ်ဖို့ နောက်ဆုံးခွင့်ပြုချက် ရရှိခဲ့တဲ့ အခြေအနေ တွေ့ရပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ