Random Video

စစ်မှုထမ်းဟောင်းအဖွဲ့မှ မြေများ မဟားတရား သိမ်းယူဆိုသော စကားလုံး ကန့်ကွက်ခံရ (ရုပ်သံ)

2018-08-16 9 Dailymotion

ဧရာဝတီ၊ သြဂုတ် ၁၅၊ ၂၀၁၈

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ် စစ်မှုထမ်းဟောင်းအဖွဲ့မှ မြေများကို မဟားတရားသိမ်းယူသည်ဟူသော စကားရပ်ပါဝင်သဖြင့် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ပေးပါရန် တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင် ကန့်ကွက်ခဲ့လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်မှ အမှတ် ၁၁ မှ ဒေါက်တာ ခွန်ဝင်းသောင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ၄င်း၏ မဲဆန္ဒနယ်မြေအတွင်း ကြံခင်းများကို မြေလွတ်၊ မြေရိုင်းဟု အမည်တပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့က မဟားတရားသိမ်းကာ တဆင့် ရောင်းစားကြကြောင်းဆိုသည့် စကားရပ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ရိုက်ကူး - ထက်နိုင်ဇော်၊ မိုးမိုး