Random Video

GSP ရုတ်သိမ်းရင် မြန်မာ့စီးပွားရေးအတွက် အဟန့်အတားဖြစ်နိုင် ဟုဆို (ရုပ်/သံ)

2018-10-31 19 Dailymotion

ဧရာဝတီ၊ အောက်တိုဘာ ၃၁။ ၂၀၁၈

အီးယူက မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး(GSP)ကို ပြန်လည်ရုတ်သိမ်းရင် မြန်မာ့စီးပွားရေးအတွက် အဟန့်အတားတခုဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံကိုပေးထားတဲ့ GSP အထူးအခွင့်အရေးကို ပြန်သုံးသပ်ဖို့အတွက် အီးယူကုန်သွယ်မှုအခွင့်အရေးစိစစ်လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံကို အောက်တိုဘာလ ၂၈ရက်နေ့က ရောက်လာခဲ့ပါတယ်။ ခရီးစဉ်အတွင်း အစိုရဝန်ကြီးဌာနတွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ တွေ့ဆုံပြီး လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံစာရေးပြီး အီးယူပါလီမန်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ရွှေလေး