Random Video

မည်သည့် ငွေစက္ကူကိုမျှ တရားမဝင်ငွေစက္ကူများအဖြစ် ကြေငြာမည်မဟုတ်ဟု သမ္မတရုံး ပြော

2018-12-07 5 Dailymotion

မည်သည့် ငွေစက္ကူကိုမျှ တရားမဝင်ငွေစက္ကူများအဖြစ် ကြေငြာမည်မဟုတ်ဟု သမ္မတရုံး ပြော

#MizzimaTV
ယခုရက်ပိုင်းအတွင်း ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဆက်တိုက်ဖမ်းမိသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်ငွေစက္ကူကိုမျှ တရားမဝင် ငွေစက္ကူအဖြစ် ကြေငြာမည်မဟုတ်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက ယနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် တရားဝင် ထုတ်ဝေထားသည့် ငွေစက္ကူများကို တရားမဝင် ကြေငြာခြင်းမပြုရဟူသည့် ပြဋ္ဌာန်းချက်ကို ကိုးကားပြီး ဦးဇော်ဋ္ဌေးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက စင်္ကပူနိုင်ငံသားနှစ်ဦးနှင့် ထိုင်းနိုင်ငံသူ တစ်ဦးတို့ ရွှေတိဂုံစေတီတော်သို့ လာရောက်လည်ပတ်စဉ် ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူအတုများ တွေ့ရှိမှုဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

စင်္ကပူနိုင်ငံသားနှစ်ဦးသည် စင်္ကပူနိုင်ငံရှိ ငွေလဲလုပ်ငန်းများမှ အဆိုပါ တစ်သောင်းတန် အတုများကိုရခဲ့သည်ဟု ဆိုသဖြင့် မြန်မာငွေစက္ကူ အတုများ လက်ဝယ်ရှိသည်ဟု ယူဆရသည့် စင်္ကပူနိုင်ငံရှိ ငွေလဲလှယ်ရေးလုပ်ငန်း ၁၈ ခုကို ဝင်ရောက် ရှာဖွေခဲ့ရာ AG နှင့် AE အက္ခရာများနှင့် စသည့် အမှတ်စဉ်နံပါတ်တစ်ထပ်တည်း တူညီနေသော ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူအတုများ မိထားသည်ဟု စင်ကာပူရဲတပ်ဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

(ရိုက်ကူး- အောင်မြတ်သူ/မဇ္ဈိမ)