Random Video

ဒုက္ခသည်များအတွက် အသင့်နေထိုင်နိုင်သည့် နေအိမ် အလုံး ၅၀ ကို အိန္ဒိယအစိုးရ ပေးအပ်

2018-12-11 0 Dailymotion

ဒုက္ခသည်များအတွက် အသင့်နေထိုင်နိုင်သည့် နေအိမ် အလုံး ၅၀ ကို အိန္ဒိယအစိုးရ ပေးအပ်
*************************
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များ နေထိုင်ရေးအတွက် အိန္ဒိယအစိုးရမှ နြေအိမ် အလုံးငါးဆယ်ကို မြန်မာအစိုးရအား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ နေပြည်တော်ရှိ သမ္မတအိမ်တော်ဧည့်ခန်းမ တွင် ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့၏ ဖိတ်ကြားမှုဖြင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာသော အိန္ဒိယသမ္မတ ရှရီနမ် နက်သ်ကိုဗင့်နှင့် ဇနီး ရှရီမတီဆာဗီးတာကိုဗင့် တို့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး- အောင်မြတ်သူ
တည်းဖြတ်-ဇေယျာမော်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/53081