Random Video

Facebook မသုံးတော့ဘူးဆိုတဲ့ အဆိုတော်ရဲရင့်အောင်

2018-12-28 11 Dailymotion


Facebook မသုံးတော့ဘူးဆိုတဲ့ အဆိုတော်ရဲရင့်အောင်
******************
လူငယ်တေးသံရှင် တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်က Facebook ဖွင့်လိုက်တိုင်း စိတ်မချမ်းမြေ့စရာတွေပဲ ကြုံနေရလို့ မသုံးဖြစ်ဘူးလို့ ဆိုပါတယ်။

"ဘယ်လိုအရာကိုမှ ကောင်းတဲ့အပိုင်းက မြင်တယ်ဆိုတာ အရမ်းရှားတဲ့ လောကကြီးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော့်ခေါင်းထဲကို အဲ့အတွေးတွေ၊အဲ့လို စိတ်ဓာတ်တွေ ကျွန်တော် မ၀င်ချင်ဘူး။အဲ့ဒါကြောင့် ကျွန်တော် မကြည့်တာ"ပါလို့ ရဲရင့်အောင်က ပြောပါတယ်။

အဆိုတော် ရဲရင့်အောင်ဟာ တေးသီချင်းတွေ သီဆိုမှုအပြင် အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်တွေမှာလည်း ပါဝင် သရုပ်ဆောင်လာတာတွေ့ရပါတယ်။

ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မကြာခင်ရိုက်ကူးတော့မည့် Jin Party ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ