Random Video

မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေ အဂတိလိုက်စားတဲ့အပေါ် ကော်မရှင်သို့ တိုင်ကြားမှု မထူးခြားဟု ဆို (ရုပ်/သံ)

2019-05-23 1 Dailymotion

ဧရာဝတီ၊ မေ ၂၃၊ ၂၀၁၉

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ မန်းရွှေစက်တော်ကို လာရောက်ခဲ့စဉ်က တည်းခိုခန်းခ တွေ မပေးချေသည့်အတွက် အဂတိလိုက်စားမှု အဖြစ် သတ်မှတ်ပြီး ကော်မရှင်ထံကို အမျိုးသား လွှတ်တော် ဥက္ကဌက တဆင့် ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာလက တိုင်ကြားခဲ့ပေမယ့် တစုံတရာ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။

ဝန်ကြီးချုပ်ကို တိုင်ကြားထားသူ ဦးတင်အောင်ထွန်းဟာ အရင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီက ဖြစ်ပြီး အခုချိန်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တဦး အဖြစ် ရပ်တည်လျက် ရှိပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်