Random Video

တပ်မတော်တက္ကသိုလ်၊ ဌာနချုပ်နှင့် ဂိတ်စခန်း တိုက်ခိုက်ခဲ့သူများအား ကန့်ကွက်ရှုတ်ချကြောင်း ကြံ့ခိုင်ရေးပါတီက အဆိုတင်သွင်း(ရုပ်/သံ)

2019-08-16 0 Dailymotion

ဧရာဝတီ၊ သြဂုတ် ၁၆၊ ၂၀၁၉

သြဂုတ်လ ၁၅ရက်မနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်ဌာန ချုပ်၊ ဂုတ်တွင်းလုံခြုံရေးစခန်း၊ တိုးဂိတ်နဲ့ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ အတွက် အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ထိခိုက် ဒဏ်ရာရ သေဆုံးသူတွေအတွက် ကြေကွဲဝမ်းနည်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် ဦးစတီဖန်က အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သား၊ ရဲ နဲ့ အရပ်သား ၁၅ဦးလောက် သေဆုံးခဲ့ကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး မန္တလေး မူဆယ်လမ်းပိုင်းရဲ့ အဓိကကျသော ဂုတ်တွင်းတံတား ပျက်စီးသွားခဲ့တဲ့အတွက် ကုန်သွယ်မှုများရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။

ရိုက်ကူး ကျော်မျိုး