Random Video

ဆရာ ရာပြည့် ဦးညီညီထွေးက သတင်းစာရှင်းလင်းပွဲလုပ်

2019-09-26 17 Dailymotion

ဆရာ ရာပြည့် ဦးညီညီထွေးက သတင်းစာရှင်းလင်းပွဲလုပ်
************************
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေးမြို့ရှိ ဆု ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျောင်းဆရာ တစ်ဦးက ကျောင်းသူတစ်ဦးအား မဖွယ်မရာပြုလုပ်တယ်ဆိုပြီး ကျောင်းသူမိဘဘက်က ပြောဆိုခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအပေါ် ဆရာဖြစ်သူ ရာပြည့် ဦးညီညီထွေးက စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီက မန္တလေး မီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသူမိဘတွေ စွပ်စွဲသလို မဖွယ်မရာ မပြုလုပ်ခဲ့ဘူးလို့ ဦးညီညီထွေး၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပါတယ်။

ဆရာ ဦးညီညီထွေးကလည်း လက်ရှိ ဆုကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပညာသင်ယူနေသည့် ၁၀ တန်းကျောင်းသား ကျောင်းသူ ၃၀၀ ဦး၏ ပညာရေးကို ငဲ့ပြီး မိမိနစ်နာခဲ့သော်လည်း သည်းခံခွင့်လွှတ်ပြီး ကျေအေးပေးခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ကျောင်းသူမိဘများဘက်မှလည်း ပြီးခဲ့သည့်ရက်အတွင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

ရိုက်ကူး - ကိုကိုအောင်/မဇ္ဈိမ